လွမ်းစရာ သီတာဆောင်
--------------------------
#လွမ်းတယ် သီတာဆောင်
ဟိုးအရင်က ဂီတညတွေ
မီးပိတ်ထားတဲ့ အခန်းတွေ
ခလုတ်တွေဖွင့်
နားစွင့် ရင်ခုန်
ပုံပြင်မဟုတ်ဘူး ။
#အခုတော့ လူနာဆောင်
ဟောင်တတ်တဲ့ခွေးတောင်
ကြောင်တောင်တောင်ကြည့်နေရတယ် ။ ။
အာဂမွဏ်း
( ကျောင်းသား၊ ကျောင်းသူတွေ ရဲ့ အဆောင် ပြန်ပေး )
ဆေး ( ၂ ) နှစ် ၅၀ ရွှေ ရတု အမှတ်တရ . . .
Friday, January 18, 2013
တော်လှန် ပုန်ကန် ငြိမ်းချမ်း
“ တော်လှန် ပုန်ကန် ငြိမ်းချမ်း ”
- ငြိမ်းချမ်းရေးကို
သွေးနဲ့မရေးချင်တော့ပါဘူး
ကလေးတို့ရေ . . . ။
- နှင်းခါးတွေ စိုနေတဲ့
စောင်ကြမ်းလေးက
ပျိုးပျပျနေခြည်လေးကိုမှ
လှုံချင်သတဲ့လေ
ရဲရဲကြီး ကို နွေးလိုက်စမ်းပါကွယ်။
- သွေးအိပ်မက်ရဲ့
ခြောက်လှန့်တဲ့
တစ္ဆေတွေရဲ့ လည်မြိုကိုညှစ်
အမှောင်တံခါးတွေကိုရိုက်ချိုးပြီး
ဥာဉ့်နက်နက် က နိုးထကြစို့ . . .
- ငြိမ်းချမ်းရေး အတွက်
ငဒို့အားလုံး
အိပ်ရေး ၀၀ အိပ်
ပြီး . . .
တော်လှန် ပုန်ကန် ငြိမ်ျးေမ်း . . . ။ ။
အာဂမွဏ်း
ဥာဉ့်နက်နက် က နိုးထကြစို့ . . .
- ငြိမ်းချမ်းရေး အတွက်
ငဒို့အားလုံး
အိပ်ရေး ၀၀ အိပ်
ပြီး . . .
တော်လှန် ပုန်ကန် ငြိမ်ျးေမ်း . . . ။ ။
အာဂမွဏ်း
ကမ္ဘာတည်ထောင်ခဏ်း
ကမ္ဘာ တည်ထောင်ခဏ်း
- ၀မ်းကြာတိုက်
ဗိုက်ကြီးသည်
ကိုယ်ဝန်ဆောင်
ဘယ်လို ခေါ်ခေါ်
ဒီရော ကနေ
ကမ္ဘာ စတည်တာပါ ။
- ဘုစု နဲ့ ခရုကို
ဒီနေရာမှာ မွေးတယ်
သီပေါ နဲ့ အနော်ရထာ
ဘီလ်ဂိတ် နဲ့ ဘင်လာဒင်
ဂဠုန်ဦးစော နဲ့ ကိုအောင်ဆန်း
ကိုဖုန်းမော် နဲ့ ဦးနေ၀င်း
ဦးသန်းရွှေ နဲ့ မင်းကိုနိုင်
ဒီနေရာမှာ
ကြီးပြင်းခဲ့ ကြတယ် ။
- ချွေး ဒီးဒီး ကျ
အလူးအလဲ နာကျင်မှုတွေနဲ့
ယှဉ်ပြိုင် ညှစ်ထုတ်
ဘယ်မိခင် မှ ...
ကမ္ဘာမြေကို
ပုပ်သိုးစေချင်မှာ ... မဟုတ်ဘူး ။ ။
အာဂမွဏ်း (၄. ၁၀ . ၂၀၁၂ )
မှို
မှို
- မုန်တိုင်းပြီး
နေခြည် ခ တော့
ရာသီပေါ် မှို တွေ .. ထ
- မနေနိုင်
ဒီမောင် ... စားတော့
သွေးတိုး ပြန်မကျ ။ ။
အာဂမွဏ်း
( က ပြောင် )
ဒဏ်ရာ
ဒဏ်ရာ
--------
- ဒီခလုတ်ကလေးကို
အဖွင့် အပိတ်လုပ်ဖို့
ဘယ်လောက်တောင်
ကြိုးစားခဲ့ရသလဲဆိုတာ သိရင်
ဒီမေးခွန်းကို
မမေးပါနဲ့ ။
- အချိန် . . . ရယ်
လူ . . . ရယ်
နေရာ . . . ရယ်
တာရာ . . . ရယ်
နက္ခတ် . . . ရယ်
ကြုံရင်
ခြေကန် မငြင်းချင်ဘူး
ဒီမေးခွန်းကို
မမေးပါနဲ့ ။
- ငါ့ အသား ကို လှီး ရင်
သားလှီး ဓါးကို
သနားမိတယ်
ဒဏ်ရာကို
လှီး
လှီး မိလို့ ။
- “ ဟေ့ . . . ကမ္ဘာကြီး ”
ဘယ်နှစ်ကြိမ် လှီးပြီးပြီလဲ
ဓါး ကို ဆေး လိုက်
ပြန် လှီးလိုက်
ဆေး လိုက်
လှီး လိုက်
ပြီးရင်
ထပ်ထပ် လှီး
ဒဏ်ရာဆိုတာ . . .
ဓါးပြီးတယ် ။ ။
အာဂမွဏ်း
--------
- ဒီခလုတ်ကလေးကို
အဖွင့် အပိတ်လုပ်ဖို့
ဘယ်လောက်တောင်
ကြိုးစားခဲ့ရသလဲဆိုတာ သိရင်
ဒီမေးခွန်းကို
မမေးပါနဲ့ ။
- အချိန် . . . ရယ်
လူ . . . ရယ်
နေရာ . . . ရယ်
တာရာ . . . ရယ်
နက္ခတ် . . . ရယ်
ကြုံရင်
ခြေကန် မငြင်းချင်ဘူး
ဒီမေးခွန်းကို
မမေးပါနဲ့ ။
- ငါ့ အသား ကို လှီး ရင်
သားလှီး ဓါးကို
သနားမိတယ်
ဒဏ်ရာကို
လှီး
လှီး မိလို့ ။
- “ ဟေ့ . . . ကမ္ဘာကြီး ”
ဘယ်နှစ်ကြိမ် လှီးပြီးပြီလဲ
ဓါး ကို ဆေး လိုက်
ပြန် လှီးလိုက်
ဆေး လိုက်
လှီး လိုက်
ပြီးရင်
ထပ်ထပ် လှီး
ဒဏ်ရာဆိုတာ . . .
ဓါးပြီးတယ် ။ ။
အာဂမွဏ်း
အမှိုက်
အမှိုက်
--------
- လက်ကိုကိုက်တဲ့ ခြင်
သဒ္ဒါချင်ပေမဲ့
ယားတာမခံနိုင်လို့
ရိုက်သတ်ပစ်လိုက်တယ် ။
- မေးစေ့မှာပေါက်တဲ့
မုတ်ဆိတ်မွှေး
ထားချင်ပေမဲ့
ညှင်းသိုးသိုးဖြစ်မှာစိုးလို့
ရိတ်ပစ်လိုက်တယ် ။
- အရင်တုန်းက
အသိတွေပါပဲ
သွေးရောမှာစိုးလို့
ဖေါက်ထုတ်ပစ်လိုက်တယ် ။ ။
အာဂမွဏ်း
အိပ်ဆေး စွဲတဲ့ သစ်စေ့
အိပ်ဆေး စွဲတဲ့ သစ်စေ့
----------------------------
ကျနော်ဟာ
ကမ္ဘာမြေပေါ်
သစ်စေ့ တစ်စေ့လို ... ကျ ရောက် ...
အညှောင့် အတက် ပေါက်ခဲ့ပြီ ။
မှားသသလား ၊ မှန်သလား
အဖွားပြောတဲ့ . . . . .
အိပ်ယာဝင် ပုံပြင်တွေနဲ့ တိုင်းတာ နေဆဲပါ ...
အဖွားရေ ... ။
အဖွားက တစ္ဆေ သရဲ အကြောင်း
ဘယ်တော့ မှ မပြော
သူရဲဘောကြောင်မှာစိုးလို့တဲ့ ။
သူရဲကောင်းတွေ ၊ မြေခွေးတွေ
ကျွန်တွေ ၊ ငွေကြေးတွေ
သွေးတွေ ၊ စံပယ်ပန်းတွေ
အနစ်နာခံသူတွေ ၊ မင်းဧက္ကရာဇ်တွ
နယ်ချဲ့တွေ ၊ သူပုန်တွေ
ပုံပြင်ထဲမှာပါ သူတွေဟာ
ပုံပြင်ထဲက ဇာတ်လိုက်တွေဟာ ....
... ..... ....... ............ .........
အဖွားပြောတဲ့
အိပ်ယာဝင်ပုံပြင်တွေဟာ
အခု ၄၄ နှစ်သား
ကျနော့ အတွက်တော့
ထမင်းလုံးဟာ
တစ္ဆေဖြစ်နေပြီ
အိပ်ဖို့ ... အတွက်
မနဲအားတင်း
အိပ်ဆေးတွေ .... သောက်
သစ်စေ့ ကလေး အိပ်ဆေး စွဲပေါ့ ။ ။
အာဂမွဏ်း
၇.၁၁.၂၀၁၂
ကောင်းကင် ကို ခြေကန်လင်းတဲ့ ကြယ်တွေ
“ ကောင်းကင် ကို ခြေကန်လင်းတဲ့ ကြယ်တွေ ”
- အမှောင်တံခါးချပ်တွေ
တစ်ချပ်ချင်း ၊ တစ်ချပ်ချင်း
ကြယ်တွေက တွန်းဖွင့်မှ
အဲဒီကောင်းကင် လင်းလက်တာ ။
- ကိုယ့်ကိုကိုယ်
လောင်ကျွမ်းပြီး မှ
အားလုံးကို အလင်းပေးနိုင်တာ
ကြယ်တွေပါပဲ ။
- ဗိုလ်လရောင် ၊ ဂဠုန်ဆရာစံ
သခင်ဖိုးလကြီး ၊ သခင်အောင်ဆန်း
ကိုအောင်ကျော် ၊ ကိုဘဟိန်း
သခင်ကိုတော်မှိုင်း ၊ ကိုဘုန်းမော်
....................... အားလုံး
အားလုံးဟာ ကြယ်စင်တန်းကြီးပါပဲ ။
- ၈၈ အမှောင်ထုကို
ထွင်းဖေါက်
လက်မောင်းကသွေးတွေ ...
ပိုးပိုး ပေါက်ပေါက် စီးကျ
ခွပ်ဒေါင်းအလံ
မြေမခစေရဘူးကွ
ရင်ဘက်တွေ
ပွင့်ထွက် သွားစေအုံး
တော်လှန်ရေး လှိုင်းတွေ က
တစ်လုံးပြီး ၊ တစ်လုံး တက်
နောက်မဆုတ်တဲ့ သွေးစီးကြောင်းက
နီမောင်း အက်ကွဲ
ကောင်းကင်ရဲ့ အမှောင်တွေဟာ
တစ်ချပ်ပြီး ၊ တစ်ချပ် ပွင့် ထွက်
အဲဒီလို ...
ကြယ်တွေ ... လင်းလက်ခဲ့တယ် ။
- အခု ...
နောက်ဆုံး တံခါးချပ်
ကြယ်ပေါင်း ရံတဲ့ ကောင်းကင်
အားလုံးမြင်ရတော့မှာပါ
လက်ခုပ် ရဲရဲတီးပါ
အိမ်တံခါးတွေ ဖွင့်ထားပါ
ကလေးတွေ ကို အိမ်ထဲက ထွက်ခိုင်းပါ
ပြီး ....
ကောင်းကင် ကို မော့ကြည်ပါ
ကြယ်တွေ အားလုံး
ရဲရဲ တင်းတင်း
လင်းလက် မယ် ။ ။
အာဂမွဏ်း
၇ . ၁၁ . ၂၀၁၂
၈၈ တုန်းက ချစ်သူ
၈၈ တုန်းက ချစ်သူ
----------------------
- ငါမြစ်ဖျား ခံ တာ
သံသယ ချက်ကြိုး ဆုံရာ
ငါ မြို့နန်းတည်တာ
လွတ်လပ်ရေး အလံတင် အခန်းအနား
ငါ တို့ သူရဲကောင်း က
ကိုအောင်ဆန်း
ကျုပ် ... အဲဒီလိုပြောတော့
ချစ်သူက မျက်တောင် အရှည်ကြီးနဲ့
ပုတ်ခက် .. ပုတ်ခက် ။
- မျက်ရည်ယို ဗုန်းတွေ
ဒိုင်းတွေ ၊ ဒုတ်တွေ
သရမ်းတော့
ချစ်သူနှုတ်ခမ်း ပြာနှမ်းနှမ်း က မှာရှာတယ်
ကိုယ့် ကို ကိုယ် ဂရုစိုက်ပါ တဲ့
ချစ်သူစကား ...
ကြားနေဆဲမှာပဲ
ကံ့ကော် တွေ ....
တစ်ပွင့်ပြီး .....
တစ်ပွင့် ကြွေ ။ ။
အာဂမွဏ်း
ဆက်ကြောင်း
ဆက်ကြောင်း
---------------
- အမှောင် ထဲက
အလင်းရောင်ကို
ပြူးတူးပြဲတဲကြီး တွေ့လိုက်ရတော့
ဆက်ကြောင်း ဟာ
ထင်းထင်းကြီးကို ပေါ်နေပေါ့ ...
- ဒဏ်ရာတွေ ကို ဂရုမစိုက်ပါနဲ့ကွယ်
အဲဒီဒဏ်ရာတွေဟာ
ဆေးယဉ်နေလို့ပါ
ဆက်ကြောင်း ထဲမှာ
ငါးတွေကို ကုန်းပေါ်မှာ
ရေယက်တွေနဲ့ လမ်းလျှောက်ခိုင်းလိုခိုင်း
ငှက်တွေကို ရေထဲမှာ
တောင်ပံတွေနဲ့ ရေကူးခိုင်းလိုခိုင်း
ချစ်သူရေ ...
အဲဒီ ဆက်ကြောင်း ထဲမှာ
ဆောင်းရာသီတောင်
မ အေး ရဲ ရှာ ဘူး ကွယ် ။
- ကြယ်ကြွေတာမြင်တော့
ချစ်သူဟာ ပါးစပ်လေး
ပွစိ .. ပွစိ နဲ့ ဆုတောင်းနေလေရဲ့
သူမ ရိုး အ လိုက်ပုံများ
ကျနော် ...
ရင်ဘတ်ထဲက
အကျယ်လောင်ဆုံး အော်ဟစ်မိတယ်
ကြယ်ကြွေတာ ဒီတစ်ခါတည်းမဟုတ်ဘူး
ဒီ ဆက်ကြောင်းကြီး ထဲမှာ
ကြယ်တွေ . . . ကြယ်တွေ
အကြိမ် ကြိမ် . . .
ကြွေကျခဲ့ရတာပါ ... ချစ်သူ ။ ။
အာဂမွဏ်း ( ၁၆ . ၁၁ . ၂၀၁၂ )
ကြွေအံ ကစားပွဲ
ကြွေအံ ကစားပွဲ
-----------------
- မိစ္ဆာတွေနဲ့
ကြွေအံ ကစားတိုင်း
ငါ့ကြွေ က “ကန်း” ကို “ကန်း”လွန်းတယ် ။
- ရန်သူ ၅ ပါး ဖိစီးတိုင်း
ချစ်သူတွေ ပဲ
တက်တက်အနင်းခံရ
ငါ့ကြွေကိုက “ကန်း”လွန်းပါတယ် ။
- သေမင်းဆိုတာကြီးက ခေါ်မယ့်ခေါ်တော့လည်း
ချစ်ပါတယ်ဆိုတဲ့ သူတွေကိုမှ ရွေးရွေးပြီးခေါ်
ငဒို့ ကိုယ်တိုင်
ပေါက်တူးတွေကိုင် တူးဆွ
ဇာပန ဆိုတာကြီး ချချပေးနေရ
ငါ့ကြွေကိုက “ကန်း”လွန်းပါတယ် ။
- ချစ်သူရေ . . .
ငါ့ကြွေအံ လက်သီးဆုပ်ကို
မင့်နှုတ်ခမ်းလေး နဲ့ ဖိပြီးသာနမ်းလိုက်စမ်း
အဲဒီ ကြွေကန်း
“ ဖြန်း” ကနဲ ကွဲ
စိန်မှုန့် တွေ ကြဲ ပစ် လိုက် မယ် ။ ။
အာဂမွဏ်း
( ၂၇ . ၁၁ . ၂၀၁၂ )
အာဂမွဏ်းတို့အိမ်
* သူခိုး ဓမြ တွေ နဲ့
နေ နေ ရတဲ့ အိမ်
ဘယ်လို လုပ်
အိပ်ပျော်နိုင်မှာလဲ... အမေ . . .
ည . .ည ဆို
ခေါင်းကို ထထ စမ်းနေ ရတာ
အကျင့် ဖြစ်နေ ပြီ ။
* ညဆို..
ကုန်းကျော် တံတားပေါ်က
မြှူ ဆွယ်နေရတာ
ကျနော့ ညီမ လေ
တောင်ဒဂုံ အပြန်
ဆန် ဝယ်ဖို့ တဲ့ . . .
* နေ့ဆို
အဝေးပြေး ဂိတ်မှာ
ရေသန့်ဘူးတွေ ချပေးပါ
ဆိုတာ ကျနော့တူတွေပေါ့
* ရေ ကန် အတွင်း
ငါးမမျှားရ
ခိုးပြီး ငါးမျှား တာ
ကျနော့ တူ တူမ တွေ စားဖို့
မဆို့ မပို့ ပါ အမေ ။
* သစ်တစ်ပင် ခုတ်
ထောင်ဘယ်လောက် ကျကျ
ကျနော် တို့ ခုတ်ဖို့
သစ်တော မရှိဘူး . . .အမေ
* အမေ . . .
မှောင်မှောင် မဲမဲထဲ
ကိုယ့် ခေါင်း ကိုယ် ထစမ်း နေရတဲ့
အမျိုးတွေ ပါ . . . အမေ ။ ။
အာဂမွဏ်း
အာဂမွဏ်းတို့ အိမ်
* သူခိုး ဓမြ တွေ နဲ့
နေ နေ ရတဲ့ အိမ်
ဘယ်လို လုပ်
အိပ်ပျော်နိုင်မှာလဲ... အမေ . . .
ည . .ည ဆို
ခေါင်းကို ထထ စမ်းနေ ရတာ
အကျင့် ဖြစ်နေ ပြီ ။
* ညဆို..
ကုန်းကျော် တံတားပေါ်က
မြှူ ဆွယ်နေရတာ
ကျနော့ ညီမ လေ
တောင်ဒဂုံ အပြန်
ဆန် ဝယ်ဖို့ တဲ့ . . .
* နေ့ဆို
အဝေးပြေး ဂိတ်မှာ
ရေသန့်ဘူးတွေ ချပေးပါ
ဆိုတာ ကျနော့တူတွေပေါ့
* ရေ ကန် အတွင်း
ငါးမမျှားရ
ခိုးပြီး ငါးမျှား တာ
ကျနော့ တူ တူမ တွေ စားဖို့
မဆို့ မပို့ ပါ အမေ ။
* သစ်တစ်ပင် ခုတ်
ထောင်ဘယ်လောက် ကျကျ
ကျနော် တို့ ခုတ်ဖို့
သစ်တော မရှိဘူး . . .အမေ
* အမေ . . .
မှောင်မှောင် မဲမဲထဲ
ကိုယ့် ခေါင်း ကိုယ် ထစမ်း နေရတဲ့
အမျိုးတွေ ပါ . . . အမေ ။ ။
အာဂမွဏ်း
ငြိမ်းချမ်းရေး အတွက် ကြိမ်လုံးလေး ( သို့ ) ကျနော့အမေ
“ ငြိမ်းချမ်းရေး အတွက် ကြိမ်လုံးလေး ( သို့မဟုတ် ) ကျနော့အမေ ”
* အမေ ...
ကျနော်တို့ ညီအကိုနှစ်ယာက်
တာဇံရုပ်ပုံကား အရုပ်
တက်ကြည့်တာပါအမေ ။
* အကြီးက ရှေ့ကတက်ရမယ်လို့
သူသိတာ ... အမေမှာ .. မှာတဲ့ အတိုင်း ပါ အမေ
မီးခွက် ကိုင်တဲ့ အမေ့သား က အကိုကြီးမြင်ဖို့ နောက်ကပါ အမေ
အကိုကြီးခြေထောက်နဲ့ တိုက်မိတာ အမှန်ပါ ... အမေ
အဲဒီ့ မီးခွက်မှောက်ပြီး
၁၉၇၃ မှာ
ဆောင်းည မှာ
အပေါင်ထပ် . . . ရေကန်လေးဘေးမှာ
မီးခွက် ကလေးမီးလောင်လို့
ဂုံနီ စုတ်ကလေးရေလောင်းပြီးညှိမ်းနေတာ
အမေပါ ....
* ပြီး . . .
အစ်ကိုကြီးကို
မျက်ရည်တွေ နဲ့ ရိုက်နေတာ
အမေ ပါ ကျနော့ အမေ
“ ဒေါ်တင်အိ ပါ ”
အမေဟာ စိမ်းမြတဲ့ သစ်တောပါ
ဒေါ်တင်အိဟာ စိမ်းမြတဲ့ သစ်တောပါ
ဒါ ကျနော် တို့ ရဲ့ စိမ်းမြတဲ့ သစ်တောပါ
ဘာကြောင့် အစ်ကိုကြီးကို ရိုက်ပုတ်နေတာလည်း
ကျနော် ထိပ်ထိပ်ပြာပြာနဲ့
ပြဋ္ဌာန်းကမ္ဘာ့သမိုင်းစာမျက်နှာပေါ်က
ဝါး စ ကို ခွာကြညှ်ုတော့
သူရဲကောင်းမလေးကိုမီးတင်ရှို့တဲ့အခန်း
သူရဲကောင်းမလေးကိုမီးတင်ရှို့တာ ......
ကျနော် . .
ကျနော် ...
စိတ်မ၀င်စားဘူး ... အမေ
* ကျနော့ အစ်ကိုကြီးကို
မ ရိုက် ပါ နဲ့ . . . .
အာဂမွဏ်း
ဝါး စ ကို ခွာကြညှ်ုတော့
သူရဲကောင်းမလေးကိုမီးတင်ရှို့တဲ
သူရဲကောင်းမလေးကိုမီးတင်ရှို့တာ
ကျနော် . .
ကျနော် ...
စိတ်မ၀င်စားဘူး ... အမေ
* ကျနော့ အစ်ကိုကြီးကို
မ ရိုက် ပါ နဲ့ . . . .
အာဂမွဏ်း
ရဲရဲအေးပါ ဆောင်း
“ ရဲရဲအေးပါဆောင်း ”
ဆောင်းဦး ၀င်ပေါက်က
ခရမ်းနုရောင်လေးတွေ
မရဲတရဲ ၀င်လာချိန်မှ
မီးတွေဟုန်းဟုန်းတောက်
အပေါက်ဝလေးမှာတင်
ခရမ်းနုရောင်လေး မျက်ရည်ဆို့
ကြိတ်ကြိတ်ပြီး ငိုနေရှာတယ် ။
ဆောင်းတွင်းလေးရေ . . .
ဆောင်း ဟာ
ဆောင်း လို အေး မှ
ဆောင်းပီသမှာမို့
ခရမ်းနုရောင်လေးတွေကို ဖြန့်ကြဲ
ရဲရဲ ရင့်ရင့် အေး လိုက် စမ်း ပါ ... ဆောင်း ။ ။
( ကိုခင်ဝမ်းရဲ့ ပြည်မှဆောင်းမှ ခရမ်းနုရောင်လေးတွေ ကို သုံးထားပါသည် )
အာဂမွဏ်း
ဟားလေးလူးယား
ဟာလေးလူးယား
-------------------
# ဟပ်ပီးနယူးယီးယား
ကလေးများ
ပျော်ပါးစွာ . . . ဆော့ကစားနိုင်ပါစေ ။
# ငြိမ်းချမ်းရေး မြက်ခင်းပြင်ကို ရောက်ဖို့
မြေမြှုပ်မိုင်း ပြည့်နေတဲ့ သတ်ကွင်းကို
ဖြတ်ကျော်ရဦးမယ် ။
# ဖဲ ၃ ချပ်သမားရဲ့လက်ကို
မနည်းလိုက်မှတ်နေရတဲ့ မျက်လုံးတွေ
အိပ်ရေး ၀ ၀ အိပ်ရဦးမယ် ။
# ယမ်းငွေ့တွေရောနေတဲ့ လေ
ပန်းပွင့်တွေ ဖူးပွင့်ဝေအောင်
တော်တော်ကြီး သန့်စင်ရဦးမယ် ။
# ဒီလိုနဲ့ . . .
နံရိုး အပြိုင်းပြိုင်း
ပြားချပ်ချပ် ဗိုက်
ပခုံး မှာ အရှုပ်ထုပ်ဝန် တနင့် တပိုး
ခြေသလုံး ပလွေရိုးလေး
၂၀၁၃ ကို Go တော့မယ် ။
# ဟပ်ပီးနယူးယီးယား
ကလေးများ
ပျော်ပါးစွာ . . . ဆော့ကစားနိုင်ပါစေ ။ ။
( ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ကျော်ဖြတ်နိုင်သော နှစ်သစ်ဖြစ်စေ .....
ဆုတောင်းရင်း နှစ်သစ်ကိုကြိုပါတယ် )
အာဂမွဏ်း
Subscribe to:
Posts (Atom)