ဘီလူးအစားခံရတဲ့ နေ့
------------------------
ကလေး အသား ခါး ၏ ၊ ခွေးအသားချို၏ ။ လို့
အိမ်တွေမှာ စာတမ်းကပ်ထားလည်း . . .
ဘီလူး ဆိုတဲ့ အကောင် က
ကလေးအသားတွေကိုပဲ
ရွေးရွေးပြီးစားသွားတဲ့ နေ့ ။
------------------------
ကလေး အသား ခါး ၏ ၊ ခွေးအသားချို၏ ။ လို့
အိမ်တွေမှာ စာတမ်းကပ်ထားလည်း . . .
ဘီလူး ဆိုတဲ့ အကောင် က
ကလေးအသားတွေကိုပဲ
ရွေးရွေးပြီးစားသွားတဲ့ နေ့ ။
သွေးဆာနေတဲ့ အစွယ်ဖြူတွေ ကို
မကြောက်တမ်း ရိုက်ချိုးပြီး
သေမင်းခံတွင်းထဲ
ခွပ်ဒေါင်းအလံတွေနဲ့
ရဲရဲရင့်ရင့် ခုန်ချပြခဲ့တဲ့ နေ့ ။
ငါ တို့ နှလုံးသားတွေ မှာ
၂၅နှစ်တုန်းက ကျည်ဆံခွံတွေ
ကျန်နေသေးတဲ့ နေ့ ။
အခုထိ လမ်းမပေါ်က
နှင်းဆီဝိဥာဉ်တွေ ကို
အမျှ မ ဝေ ရ သေး တဲ့ နေ့ ။
အဲဒီနေ့
မိုးတွေ ဘယ်လောက်သည်းသည်း
ရင်ခတ်ပန်းတွေ ထထ ပွင့် တယ် ။ ။
အာဂမွဏ်း
( ၁၆.၉.၂၀၁၃ )
မကြောက်တမ်း ရိုက်ချိုးပြီး
သေမင်းခံတွင်းထဲ
ခွပ်ဒေါင်းအလံတွေနဲ့
ရဲရဲရင့်ရင့် ခုန်ချပြခဲ့တဲ့ နေ့ ။
ငါ တို့ နှလုံးသားတွေ မှာ
၂၅နှစ်တုန်းက ကျည်ဆံခွံတွေ
ကျန်နေသေးတဲ့ နေ့ ။
အခုထိ လမ်းမပေါ်က
နှင်းဆီဝိဥာဉ်တွေ ကို
အမျှ မ ဝေ ရ သေး တဲ့ နေ့ ။
အဲဒီနေ့
မိုးတွေ ဘယ်လောက်သည်းသည်း
ရင်ခတ်ပန်းတွေ ထထ ပွင့် တယ် ။ ။
အာဂမွဏ်း
( ၁၆.၉.၂၀၁၃ )
No comments:
Post a Comment