“ ငြိမ်းချမ်းရေး အစစ်ကို
ငါ မသေခင် မြင် ချင် သေး တယ် ...
သိန်းဖေ . . . ... ရယ် ”
အတ္တ ကြီးသူတွေရဲ့ လက်ထဲ
လက်နက် ရှိနေသမျှတော့
“ သိန်းရင် ....
နင့်ယောက်ျား ... သိပ်မိုက်တယ် ....
လူ မ သတ်ပါနဲ့လို့ . . . . . .. ..
ရာမ
ဟေ့ကောင် ..... ရာမ .... “ ထွက် ခဲ့ စမ်း . ... ”
( ဗိုလ်အောင်ဒင်ဇာတ်ဝင်ခန်း မှ )
အဲဒီလို
လက်ထဲ သေနတ်ရောက်ရင်
သွေးပြောင်းတတ်တဲ့ သူတွေ ရှိနေသမျှ
အဘမှိုင်းရေ . . . အဘမှိုင်းရဲ့
ကျွန်တော်တို့
မသေခင်တောင် . . . .
တွေ့ ရ ပါ မ လား ဗျာ ။ ။
အာဂမွဏ်း ( 23 . 7 .2012 )
Tuesday, July 31, 2012
Tuesday, July 17, 2012
Thursday, March 22, 2012
ကမ္ဘာသစ် အတွက် ကဗျာ
- ဒီနှစ်
မာယာပြက္ခဒိန် အဆုံးသတ်သွားပြီ
ဒီနှစ်ဟာ
မြန်မာပြက္ခဒိန်ရဲ့ စတင်ခြင်းပဲ ။
- ဒို့ရဲ့ကမ္ဘာသစ်တည်ဖို့
ဒီနေ့တိုင်း ၊ ဒီနေ့တိုင်း မှာ
ရှေ့ဆက်ဖို့ ခြေလှမ်းတွေဟာ
အမှန်တရားတွေ တိုးတက်မှု တွေနဲ့
ဆန်းသစ်နေရမယ် ။
- ဒို့အားလုံးရဲ့
ပုခုံးအားတွေနဲ့
ရာဇ၀င်သစ်တွေရဲ့
စာမျက်နှာဖွင့်ကြမယ် ။
- ဒို့အားလုံးရဲ့
လက်ရုံးအားတွေနဲ့
ကျောက်သား၊ ကျောက်စိုင်တွေပေါ်မှာ
ကဗ္ဗည်းသစ်တွေ
ရေးခြစ်ကြမယ် ။
- ဒို့အားလုံးရဲ့
နှလုံးသွေးတွေနဲ့
မြန်မာ့ကောင်းကင်ယံမှာ
ခွပ်ဒေါင်းအလံတွေ
လွင့် ပျံ စေ မယ် ဟေ့ ။ ။
( ၂၁ . ၃ . ၂၀၁၂ ကမ္ဘာ ကဗျာနေ့ အမှတ်တရ )
မာယာပြက္ခဒိန် အဆုံးသတ်သွားပြီ
ဒီနှစ်ဟာ
မြန်မာပြက္ခဒိန်ရဲ့ စတင်ခြင်းပဲ ။
- ဒို့ရဲ့ကမ္ဘာသစ်တည်ဖို့
ဒီနေ့တိုင်း ၊ ဒီနေ့တိုင်း မှာ
ရှေ့ဆက်ဖို့ ခြေလှမ်းတွေဟာ
အမှန်တရားတွေ တိုးတက်မှု တွေနဲ့
ဆန်းသစ်နေရမယ် ။
- ဒို့အားလုံးရဲ့
ပုခုံးအားတွေနဲ့
ရာဇ၀င်သစ်တွေရဲ့
စာမျက်နှာဖွင့်ကြမယ် ။
- ဒို့အားလုံးရဲ့
လက်ရုံးအားတွေနဲ့
ကျောက်သား၊ ကျောက်စိုင်တွေပေါ်မှာ
ကဗ္ဗည်းသစ်တွေ
ရေးခြစ်ကြမယ် ။
- ဒို့အားလုံးရဲ့
နှလုံးသွေးတွေနဲ့
မြန်မာ့ကောင်းကင်ယံမှာ
ခွပ်ဒေါင်းအလံတွေ
လွင့် ပျံ စေ မယ် ဟေ့ ။ ။
( ၂၁ . ၃ . ၂၀၁၂ ကမ္ဘာ ကဗျာနေ့ အမှတ်တရ )
Tuesday, March 13, 2012
အမဲရောင်
- အမဲ စက် လေးတွေ
နောက်ထပ် ၊ နောက်ထပ်
ပြီး မသိလိုက် မသိဘာသာ
အားလုံး အမဲပြင် ကြီး လို မြင်ရ
- ကျားပါးစပ်ပေါက် က
ခေါင်းငုံ့ဝင်နေရတဲ့
အတတ်ပညာတွေ
ခဏခဏ ခေါင်းချိုးခံနေရ တဲ့ အရက်ပုလင်းတွေ
မတော်တဆ
တမင်တကာ
အပိုတောင်းတတ်လာတော့တယ် ။
- ဖွါလံ နေတဲ့ အသိတရားတွေ
အကျဉ်းကျခံနေရတဲ့ ဒေါသတွေ
......တွေ ..... အဲဒီ တွေ အားလုံး
သေတ္တာ ပုံး ထဲမှာပေါက်ကွဲ
အမဲစက် တွေ အားလုံး လွင့် ။ ။
နောက်ထပ် ၊ နောက်ထပ်
ပြီး မသိလိုက် မသိဘာသာ
အားလုံး အမဲပြင် ကြီး လို မြင်ရ
- ကျားပါးစပ်ပေါက် က
ခေါင်းငုံ့ဝင်နေရတဲ့
အတတ်ပညာတွေ
ခဏခဏ ခေါင်းချိုးခံနေရ တဲ့ အရက်ပုလင်းတွေ
မတော်တဆ
တမင်တကာ
အပိုတောင်းတတ်လာတော့တယ် ။
- ဖွါလံ နေတဲ့ အသိတရားတွေ
အကျဉ်းကျခံနေရတဲ့ ဒေါသတွေ
......တွေ ..... အဲဒီ တွေ အားလုံး
သေတ္တာ ပုံး ထဲမှာပေါက်ကွဲ
အမဲစက် တွေ အားလုံး လွင့် ။ ။
ဗုန်းခိုကျဉ်း
- သံတူကြောင်းကွဲ အဟုန်တွေ
ပြေးကြ လွှားကြ
အရေးပေါ်ဥသြသံတွေ
ဟိုတစ်စ ၊ ဒီ တစ်စ
- “ ဘုရားရိုက်မှာပါ ”
ဖြေသိမ့်နိုင်လိုက်တာ . . . အမေ ရယ်
သား ဘယ်သူကို သတ်ဖြတ်ရမလဲ ။
- ညီမလေးကတော့
ငရဲကြီးမှာ ကြောက်တယ်တဲ့ လေ
- ချစ်သူရဲ့ လက်ချောင်းတွေ ကတော့
ပျော့တွဲ အေးဆက်
- ငါ သတ်ဖြတ်မယ်
ငါ ပေါက်ကွဲမယ်
- အိပ်ယာဝင်တိုင်း
ဘုရားရှိခိုးနော်
အမေရေ .....
ဒီလိုပဲ
အဘိုး ၊ အဘေး တွေေ၇ာ
တွေဝေ ယင်း
သေသွားကြတာပဲလား ။ ။
ပြေးကြ လွှားကြ
အရေးပေါ်ဥသြသံတွေ
ဟိုတစ်စ ၊ ဒီ တစ်စ
- “ ဘုရားရိုက်မှာပါ ”
ဖြေသိမ့်နိုင်လိုက်တာ . . . အမေ ရယ်
သား ဘယ်သူကို သတ်ဖြတ်ရမလဲ ။
- ညီမလေးကတော့
ငရဲကြီးမှာ ကြောက်တယ်တဲ့ လေ
- ချစ်သူရဲ့ လက်ချောင်းတွေ ကတော့
ပျော့တွဲ အေးဆက်
- ငါ သတ်ဖြတ်မယ်
ငါ ပေါက်ကွဲမယ်
- အိပ်ယာဝင်တိုင်း
ဘုရားရှိခိုးနော်
အမေရေ .....
ဒီလိုပဲ
အဘိုး ၊ အဘေး တွေေ၇ာ
တွေဝေ ယင်း
သေသွားကြတာပဲလား ။ ။
လူရိုင်း
- အဟောင်း ၊ အမြင်း တွေ
ရေခဲသေတ္တာ ထဲ ထည့်ထားလိုက်
အဲဒါ တွေ ဟာ ......
အဲဒါတွေ ပြန် ပြန် ဖြစ်
လှည်းဘီးတွေ ကို ရိုက်ချိုးကြ ...
ညဆို ညမို့
နေ့ဆို နေ့မို့
- မသိဘူး ဗျာ
ကျုပ် မယဉ်ပါးတာ
ကြာ ကြာ ပေါ့ ။ ။
ရေခဲသေတ္တာ ထဲ ထည့်ထားလိုက်
အဲဒါ တွေ ဟာ ......
အဲဒါတွေ ပြန် ပြန် ဖြစ်
လှည်းဘီးတွေ ကို ရိုက်ချိုးကြ ...
ညဆို ညမို့
နေ့ဆို နေ့မို့
- မသိဘူး ဗျာ
ကျုပ် မယဉ်ပါးတာ
ကြာ ကြာ ပေါ့ ။ ။
အပျိုရိုင်း
“ အပျိုရိုင်း ”
- ပန်းပွင့်ကလေး
မွန်းကြပ်နေ
ပွင့်ချပ်တွေ ဖွင့်
အသက် မျှင်းမျှင်းရှူ ။
- တိတ်တိတ်ကလေး
ကြိတ်ကြိတ် လွမ်းတတ်တဲ့
အိပ်မက်ကလေးတောင်
ပုတ်ခတ် ၊ ပုတ်ခတ်
ရှက်တတ်နေပြီ ။ ။
- ပန်းပွင့်ကလေး
မွန်းကြပ်နေ
ပွင့်ချပ်တွေ ဖွင့်
အသက် မျှင်းမျှင်းရှူ ။
- တိတ်တိတ်ကလေး
ကြိတ်ကြိတ် လွမ်းတတ်တဲ့
အိပ်မက်ကလေးတောင်
ပုတ်ခတ် ၊ ပုတ်ခတ်
ရှက်တတ်နေပြီ ။ ။
Saturday, March 10, 2012
ခါတော်မှီ
“ ခါတော်မှီ ”
မိုးကလေး တဖွဲ နှစ်ဖွဲ ရွာလိုက်ရုံနဲ့
ခါတော်မှီ မှိုတွေ
ဘွားကနဲပေါ်လာကြ
စားနေကျ ကြောင်ဖားကြီးတွေက
သွားရည်တမျှားမျှား ။
မိုးကလေး တဖွဲ နှစ်ဖွဲ ရွာလိုက်ရုံနဲ့
ခါတော်မှီ မှိုတွေ
ဘွားကနဲပေါ်လာကြ
စားနေကျ ကြောင်ဖားကြီးတွေက
သွားရည်တမျှားမျှား ။
လွမ်းစရာ သီတာဆောင်
လွမ်းတယ် သီတာဆောင်
ဟိုးအရင်က ဂီတညတွေနဲ့
အခုတော့ လူနာဆောင်
ဟောင်တတ်တဲ့ခွေးတောင်
ကြောင်တောင်တောင်ကြည့်နေရတယ် ။
ဟိုးအရင်က ဂီတညတွေနဲ့
အခုတော့ လူနာဆောင်
ဟောင်တတ်တဲ့ခွေးတောင်
ကြောင်တောင်တောင်ကြည့်နေရတယ် ။
Subscribe to:
Posts (Atom)