Tuesday, March 13, 2012

အမဲရောင်

-  အမဲ စက် လေးတွေ
   နောက်ထပ် ၊ နောက်ထပ်
   ပြီး မသိလိုက် မသိဘာသာ
   အားလုံး  အမဲပြင် ကြီး လို မြင်ရ
-  ကျားပါးစပ်ပေါက် က
   ခေါင်းငုံ့ဝင်နေရတဲ့
   အတတ်ပညာတွေ
   ခဏခဏ ခေါင်းချိုးခံနေရ တဲ့ အရက်ပုလင်းတွေ
   မတော်တဆ
   တမင်တကာ
   အပိုတောင်းတတ်လာတော့တယ် ။
-  ဖွါလံ နေတဲ့ အသိတရားတွေ
   အကျဉ်းကျခံနေရတဲ့ ဒေါသတွေ
   ......တွေ  ..... အဲဒီ တွေ အားလုံး
   သေတ္တာ ပုံး ထဲမှာပေါက်ကွဲ
   အမဲစက် တွေ အားလုံး လွင့်  ။       ။


No comments:

Post a Comment