Friday, January 18, 2013

ဟားလေးလူးယား

ဟာလေးလူးယား
-------------------

# ဟပ်ပီးနယူးယီးယား
ကလေးများ
ပျော်ပါးစွာ . . . ဆော့ကစားနိုင်ပါစေ ။

# ငြိမ်းချမ်းရေး မြက်ခင်းပြင်ကို ရောက်ဖို့
မြေမြှုပ်မိုင်း ပြည့်နေတဲ့ သတ်ကွင်းကို
ဖြတ်ကျော်ရဦးမယ် ။

# ဖဲ ၃ ချပ်သမားရဲ့လက်ကို
မနည်းလိုက်မှတ်နေရတဲ့ မျက်လုံးတွေ
အိပ်ရေး ၀ ၀ အိပ်ရဦးမယ် ။

# ယမ်းငွေ့တွေရောနေတဲ့ လေ
ပန်းပွင့်တွေ ဖူးပွင့်ဝေအောင်
တော်တော်ကြီး သန့်စင်ရဦးမယ် ။

# ဒီလိုနဲ့ . . .
နံရိုး အပြိုင်းပြိုင်း
ပြားချပ်ချပ် ဗိုက်
ပခုံး မှာ အရှုပ်ထုပ်ဝန် တနင့် တပိုး
ခြေသလုံး ပလွေရိုးလေး
၂၀၁၃ ကို Go တော့မယ် ။


# ဟပ်ပီးနယူးယီးယား
ကလေးများ
ပျော်ပါးစွာ . . . ဆော့ကစားနိုင်ပါစေ ။ ။

( ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ကျော်ဖြတ်နိုင်သော နှစ်သစ်ဖြစ်စေ .....
ဆုတောင်းရင်း နှစ်သစ်ကိုကြိုပါတယ် )


အာဂမွဏ်း

No comments:

Post a Comment