Friday, January 18, 2013

ကမ္ဘာတည်ထောင်ခဏ်း

ကမ္ဘာ တည်ထောင်ခဏ်း

- ၀မ်းကြာတိုက်
ဗိုက်ကြီးသည်
ကိုယ်ဝန်ဆောင်
ဘယ်လို ခေါ်ခေါ်
ဒီရော ကနေ
ကမ္ဘာ စတည်တာပါ ။

- ဘုစု နဲ့ ခရုကို
ဒီနေရာမှာ မွေးတယ်
သီပေါ နဲ့ အနော်ရထာ
ဘီလ်ဂိတ် နဲ့ ဘင်လာဒင်
ဂဠုန်ဦးစော နဲ့ ကိုအောင်ဆန်း
ကိုဖုန်းမော် နဲ့ ဦးနေ၀င်း
ဦးသန်းရွှေ နဲ့ မင်းကိုနိုင်
ဒီနေရာမှာ
ကြီးပြင်းခဲ့ ကြတယ် ။

- ချွေး ဒီးဒီး ကျ
အလူးအလဲ နာကျင်မှုတွေနဲ့
ယှဉ်ပြိုင် ညှစ်ထုတ်
ဘယ်မိခင် မှ ...
ကမ္ဘာမြေကို
ပုပ်သိုးစေချင်မှာ ... မဟုတ်ဘူး ။ ။


အာဂမွဏ်း (၄. ၁၀ . ၂၀၁၂ )

No comments:

Post a Comment