Friday, January 18, 2013

ဒဏ်ရာ

ဒဏ်ရာ
--------
- ဒီခလုတ်ကလေးကို
  အဖွင့် အပိတ်လုပ်ဖို့
  ဘယ်လောက်တောင်
  ကြိုးစားခဲ့ရသလဲဆိုတာ သိရင်
  ဒီမေးခွန်းကို
  မမေးပါနဲ့ ။

- အချိန် . . . ရယ်
  လူ . . . ရယ်
  နေရာ . . . ရယ်
  တာရာ . . . ရယ်
  နက္ခတ် . . . ရယ်
  ကြုံရင်
  ခြေကန် မငြင်းချင်ဘူး
  ဒီမေးခွန်းကို
  မမေးပါနဲ့ ။

- ငါ့ အသား ကို လှီး ရင်
  သားလှီး ဓါးကို
  သနားမိတယ်
  ဒဏ်ရာကို
  လှီး
  လှီး မိလို့ ။

- “ ဟေ့ . . . ကမ္ဘာကြီး ”
  ဘယ်နှစ်ကြိမ် လှီးပြီးပြီလဲ
  ဓါး ကို ဆေး လိုက်
  ပြန် လှီးလိုက်
  ဆေး လိုက်
  လှီး လိုက်
  ပြီးရင်
  ထပ်ထပ် လှီး
  ဒဏ်ရာဆိုတာ . . .
  ဓါးပြီးတယ် ။                    ။

                                                             အာဂမွဏ်း




  

No comments:

Post a Comment