Friday, January 18, 2013

ရဲရဲအေးပါ ဆောင်း

“ ရဲရဲအေးပါဆောင်း ”

ဆောင်းဦး ၀င်ပေါက်က
ခရမ်းနုရောင်လေးတွေ
မရဲတရဲ ၀င်လာချိန်မှ
မီးတွေဟုန်းဟုန်းတောက်
အပေါက်ဝလေးမှာတင်
ခရမ်းနုရောင်လေး မျက်ရည်ဆို့
ကြိတ်ကြိတ်ပြီး ငိုနေရှာတယ် ။


ဆောင်းတွင်းလေးရေ . . .
ဆောင်း ဟာ
ဆောင်း လို အေး မှ
ဆောင်းပီသမှာမို့
ခရမ်းနုရောင်လေးတွေကို ဖြန့်ကြဲ
ရဲရဲ ရင့်ရင့် အေး လိုက် စမ်း ပါ ... ဆောင်း ။ ။

( ကိုခင်ဝမ်းရဲ့ ပြည်မှဆောင်းမှ ခရမ်းနုရောင်လေးတွေ ကို သုံးထားပါသည် )


အာဂမွဏ်း

No comments:

Post a Comment