Friday, January 18, 2013

အမှိုက်

အမှိုက်
--------
- လက်ကိုကိုက်တဲ့ ခြင်
သဒ္ဒါချင်ပေမဲ့
ယားတာမခံနိုင်လို့
ရိုက်သတ်ပစ်လိုက်တယ် ။

- မေးစေ့မှာပေါက်တဲ့
မုတ်ဆိတ်မွှေး
ထားချင်ပေမဲ့
ညှင်းသိုးသိုးဖြစ်မှာစိုးလို့
ရိတ်ပစ်လိုက်တယ် ။

- အရင်တုန်းက
အသိတွေပါပဲ
သွေးရောမှာစိုးလို့
ဖေါက်ထုတ်ပစ်လိုက်တယ် ။ ။

အာဂမွဏ်း

No comments:

Post a Comment