Friday, January 18, 2013

၈၈ တုန်းက ချစ်သူ

၈၈ တုန်းက ချစ်သူ
----------------------
- ငါမြစ်ဖျား ခံ တာ

သံသယ ချက်ကြိုး ဆုံရာ

ငါ မြို့နန်းတည်တာ
လွတ်လပ်ရေး အလံတင် အခန်းအနား

ငါ တို့ သူရဲကောင်း က
ကိုအောင်ဆန်း

ကျုပ် ... အဲဒီလိုပြောတော့

ချစ်သူက မျက်တောင် အရှည်ကြီးနဲ့
ပုတ်ခက် .. ပုတ်ခက် ။

- မျက်ရည်ယို ဗုန်းတွေ
ဒိုင်းတွေ ၊ ဒုတ်တွေ
သရမ်းတော့
ချစ်သူနှုတ်ခမ်း ပြာနှမ်းနှမ်း က မှာရှာတယ်
ကိုယ့် ကို ကိုယ် ဂရုစိုက်ပါ တဲ့
ချစ်သူစကား ...
ကြားနေဆဲမှာပဲ

ကံ့ကော် တွေ ....

တစ်ပွင့်ပြီး .....

တစ်ပွင့် ကြွေ ။ ။


အာဂမွဏ်း

No comments:

Post a Comment