Friday, January 18, 2013

ငြိမ်းချမ်းရေး အတွက် ကြိမ်လုံးလေး ( သို့ ) ကျနော့အမေ

“ ငြိမ်းချမ်းရေး အတွက် ကြိမ်လုံးလေး ( သို့မဟုတ် ) ကျနော့အမေ ”



* အမေ ...

ကျနော်တို့ ညီအကိုနှစ်ယာက်

တာဇံရုပ်ပုံကား အရုပ်

တက်ကြည့်တာပါအမေ ။


* အကြီးက ရှေ့ကတက်ရမယ်လို့

သူသိတာ ... အမေမှာ .. မှာတဲ့ အတိုင်း ပါ အမေ

မီးခွက် ကိုင်တဲ့ အမေ့သား က အကိုကြီးမြင်ဖို့ နောက်ကပါ အမေ

အကိုကြီးခြေထောက်နဲ့ တိုက်မိတာ အမှန်ပါ ... အမေ

အဲဒီ့ မီးခွက်မှောက်ပြီး

၁၉၇၃ မှာ

ဆောင်းည မှာ

အပေါင်ထပ် . . . ရေကန်လေးဘေးမှာ

မီးခွက် ကလေးမီးလောင်လို့

ဂုံနီ စုတ်ကလေးရေလောင်းပြီးညှိမ်းနေတာ

အမေပါ ....


* ပြီး . . .

အစ်ကိုကြီးကို

မျက်ရည်တွေ နဲ့ ရိုက်နေတာ

အမေ ပါ ကျနော့ အမေ

“ ဒေါ်တင်အိ ပါ ”

အမေဟာ စိမ်းမြတဲ့ သစ်တောပါ

ဒေါ်တင်အိဟာ စိမ်းမြတဲ့ သစ်တောပါ



ဒါ ကျနော် တို့ ရဲ့ စိမ်းမြတဲ့ သစ်တောပါ

ဘာကြောင့် အစ်ကိုကြီးကို ရိုက်ပုတ်နေတာလည်း





ကျနော် ထိပ်ထိပ်ပြာပြာနဲ့

ပြဋ္ဌာန်းကမ္ဘာ့သမိုင်းစာမျက်နှာပေါ်က
ဝါး စ ကို ခွာကြညှ်ုတော့
သူရဲကောင်းမလေးကိုမီးတင်ရှို့တဲ့အခန်း
သူရဲကောင်းမလေးကိုမီးတင်ရှို့တာ ......
ကျနော် . .
ကျနော် ...
စိတ်မ၀င်စားဘူး ... အမေ






* ကျနော့ အစ်ကိုကြီးကို


မ ရိုက် ပါ နဲ့ . . . .





အာဂမွဏ်း

No comments:

Post a Comment