Thursday, August 28, 2014

ကြွေအံ ကစားပွဲ

ကြွေအံ ကစားပွဲ
-----------------
- မိစ္ဆာတွေနဲ့
ကြွေအံ ကစားတိုင်း
ငါ့ကြွေ က “ကန်း” ကို “ကန်း”လွန်းတယ် ။


- ရန်သူ ၅ ပါး ဖိစီးတိုင်း
ချစ်သူတွေ ပဲ
တက်တက်အနင်းခံရ
ငါ့ကြွေကိုက “ကန်း”လွန်းပါတယ် ။

- သေမင်းဆိုတာကြီးက ခေါ်မယ့်ခေါ်တော့လည်း
ချစ်ပါတယ်ဆိုတဲ့ သူတွေကိုမှ ရွေးရွေးပြီးခေါ်
ငဒို့ ကိုယ်တိုင်
ပေါက်တူးတွေကိုင် တူးဆွ
ဇာပန ဆိုတာကြီး ချချပေးနေရ
ငါ့ကြွေကိုက “ကန်း”လွန်းပါတယ် ။

- ချစ်သူရေ . . .
ငါ့ကြွေအံ လက်သီးဆုပ်ကို
မင့်နှုတ်ခမ်းလေး နဲ့ ဖိပြီးသာနမ်းလိုက်စမ်း
အဲဒီ ကြွေကန်း
“ ဖြန်း” ကနဲ ကွဲ
စိန်မှုန့် တွေ ကြဲ ပစ် လိုက် မယ် ။        ။


အာဂမွဏ်း



No comments:

Post a Comment