Thursday, August 28, 2014

ဒါ ဒို့ပြည် ... ဒါ ဒို့ မြေ

ဒါ ဒို့ပြည် ... ဒါ ဒို့ မြေ
------------------------
* သူခိုး ဓမြ တွေ နဲ့
နေ နေ ရတဲ့ အိမ်
ဘယ်လို လုပ်
အိပ်ပျော်နိုင်မှာလဲ... အမေ . . .
ည . .ည ဆို
ခေါင်းကို ထထ စမ်းနေ ရတာ
အကျင့် ဖြစ်နေ ပြီ ။

* ညဆို..
ကုန်းကျော် တံတားပေါ်က
မြှူ ဆွယ်နေရတာ
ကျနော့ ညီမ လေ
တောင်ဒဂုံ အပြန်
ဆန် ဝယ်ဖို့ တဲ့ . . .

* နေ့ဆို
အဝေးပြေး ဂိတ်မှာ
ရေသန့်ဘူးတွေ ချပေးပါ
ဆိုတာ ကျနော့တူတွေပေါ့

* ရေ ကန် အတွင်း
ငါးမမျှားရ
ခိုးပြီး ငါးမျှား တာ
ကျနော့ တူ တူမ တွေ စားဖို့
မဆို့ မပို့ ပါ အမေ ။

* သစ်တစ်ပင် ခုတ်
ထောင်ဘယ်လောက် ကျကျ
ကျနော် တို့ ခုတ်ဖို့
သစ်တော မရှိဘူး . . .အမေ

* အမေ . . .
မှောင်မှောင် မဲမဲထဲ
ကိုယ့် ခေါင်း ကိုယ် ထစမ်း နေရတဲ့
အမျိုးတွေ ပါ . . . အမေ ။        ။

အာဂမွဏ်း



No comments:

Post a Comment