Thursday, August 28, 2014



၈၈ တုန်းက ချစ်သူ
------------------------

ငါ မြစ်ဖျားခံတာ
သံသယချက်ကြိုးဆုံရာ
ငါ့မြို့နန်းတည်တာ
လွတ်လပ်ရေး အလံတင်အခန်းအနား
ငါတို့ သူရဲကောင်းက
ကိုအောင်ဆန်း
ကျွန်တော် … ဒီလိုပြောတော့
ချစ်သူက မျက်တောင်အရှည်ကြီး
ပုတ်ခတ် … ပုတ်ခတ် ။

မျက်ရည်ယိုဗုံးတွေ
ဒိုင်းတွေ ၊ တုတ်တွေ
သရမ်းတော့
ချစ်သူနှုတ်ခမ်းပြာနှမ်းနှမ်းက မှာရှာတယ်
ကိုယ့်ကိုကိုယ် ဂရုစိုက်ပါတဲ့
ချစ်သူစကား
ကြားနေဆဲမှာပဲ
ကံ့ကော်တွေ
တစ်ပွင့်ပြီး
တစ်ပွင့်ကြွေ ။ ။

အာဂမွဏ်း

( Beauty Max magazine , Special issue 120 – 2014 ။ ၁၀ နှစ်ပြည့်အထူးထုတ် ၊ သြဂုတ် ၂၀၁၄ )

No comments:

Post a Comment