Thursday, August 28, 2014

ဆားပေါက်နေတဲ့မိုးတိမ်
~~~~~~~~~~~~~

ကမ္ဘာကြီးစတင်မွေးဖွားချိန်
ကောင်းကင်နဲ့စပြီးမိတ်ဆက်ချိန်
မိုးတိမ်တွေဟာ
စိုထိုင်းဆကြောင့်ဆားပေါက်လိုက်တယ်
နေမင်းကိုစတွေ့တော့မှ
မြေကြီးနဲ့ကောင်းကင်ဟာလောင်ကျွမ်းပေါ့
မိုးပေါ်မှာတင်ဆားတွေပေါက်ပြီး
ဆားတွေဟာကောင်းကင်မှာငိုတယ်
ပင်လယ် ... ... ... ပင်လယ်ကိုကောင်းကင်မှာပဲ
ထပ်ပြီးမွေးဖွားပြန်ရော ။


ပြောလို့မဆုံးပါဘူး
ပင်လယ် ရေ ... ...
ပင်လယ် ရေ ... ... ... ပြောမဆုံးဘူး
တိမ်ဖြစ်တော့ မှ ပင်လယ်ရေထဲကရေမြှုပ်လေးကို
သူလှောင်တယ်
ပွဲအစ ၊ ပွဲအဆုံးသိတဲ့ကောင်းကင်မှာ
ဆားတွေလှိုက်လှိုက် ... လှိုက်လို့ငို ။

ဆားတွေ ငိုတော့
ပင်လယ်က ငို
ကောင်းကင်က ငို
ကမ္ဘာမြေကြီးလည်း ငို
လူကြီးလူကောင်းများခင်ဗျား !
ကောင်းကင်ကို ကောင်းကင်အတိုင်း
မြေကြီးကို မြေကြီးအတိုင်း
ပင်လယ်ကို ပင်လယ်အတိုင်း
မြင်တွေ့ချင်ပါတယ် ။       ။

အာဂမွဏ်း
( ကဗျာဆရာအိပ်မက်၂၀မှ )

No comments:

Post a Comment