Thursday, August 28, 2014

ဟက်ပီးဘတ်သ်ဒေးသူပုန်ကြီး

ဟက်ပီးဘတ်သ်ဒေးသူပုန်ကြီး
---------------------------------


၁၉၁၅ ပထမကမ္ဘာစစ်တွင်း
ဖေဖော်ဝါရီ ၁၃ မနက်လင်းအားကြီးအချိန်
ဇေယျတု ငွေခရု မသွန်း
ကမ္ဘာမြေရဲ့သေနတ်သံ ၊ ဗုံးသံ ၊ တံပိုခရာမှုတ်လို့
အောင်ဆန်းသတို့သားကိုမွေးထုတ်ခဲ့တယ် ။

လူငယ်ရဲ့ဆန္ဒဟာ
စိတ်ကူး နဲ့ ပုံဖော် ဆွဲ မ တယ်
အဲဒီလို...စိတ်ရင်းအတိုင်း ဆွဲ မ တော့
ဘယ်အရာမှ တားမရ ၊ ပိတ်မရ
ကိုအောင်ဆန်းမှာ
ပြဒါးရှင်လုံးများရခဲ့လေသလား ။

ကလေးဘဝက သရဲကြောက်တဲ့
လူငယ်ဟာ
စစ်ဘီလူးတွေကိုနှင်ထုတ်လိုက်၊ပြန်သွင်းလိုက်
ခိုင်းချင်သလို ခိုင်းပြတဲ့အခါကျမှ
ဘီရုမာ သေးသေးလေးကို
နိုင်ငံတကာမျက်စိ ဒေါက်ထောက်ကြည့်ခဲ့ရတယ် ။

အောင်ဆန်းသတို့သားဖွားတော်မူခဏ်းဟာ
အဆန်းတကျယ်တော့မဟုတ်ဘူး
ဒီအချိန်မှာမွေးဖွာလာတဲ့
သတို့သားကိုတော့
ကမ္ဘာကြီးက
သိမ့် ကနဲနေအောင်ကြောက်ခဲ့ဘူးတယ် ။

သူပုန် ... သူပုန်
ဤမြေဝသုန်က
တိုင်းပြည်ချစ်တဲ့...သူပုန်ကို
ဒီနေ့
ယုံယုံကြည်ကြည် ဖွားတော်မူခဲ့တယ်
၁၉၁၅ ဖေဖော်ဝါရီ ၁၃ ။           ။

အာဂမွဏ်း

No comments:

Post a Comment