Thursday, August 28, 2014

ပုသိမ် ( ၂ )

ပုသိမ် ( ၂ )
@@@@@

လမ်းဆုံး မြို့
ဗိုလ်ချုပ်အောင်ဆန်းလာတုန်းက . . .
ဆိပ်ခံဘောတံတားပေါ်သူပြုတ်ကျသွားတဲ့ကောက်ညှင်းထုပ်သူပြန်ကောက်စားတဲ့ မြို့
၈၈ တုန်းက ကျောက်ပြင် နဲ့ ထမီ အပို့ ခံရတဲ့ မြို့
ဟာလ၀ါ ၊ ထီး နာမည်ကြီး တဲ့ မြို့
ထူးအိမ်သင် ခေါင်းချချင်တဲ့ မြို့
မနက် ၁၀ နာရီ မှ နံက်စာ မုန့်ဟင်းခါး နဲ့ လ္ဘက်ရည် ထပြီး သုံးဆောင်တဲ့ မြို့
လမ်း ကို ဖြေးဖြေး ပဲ လျှောက်တတ်တဲ့ မြို့
ညနေ ဆိုရင် ကော်ရည်သောက်ရ မှ အာသာပြေတဲ့ မြို့
ည ရောက် ပြီး ၁၂ နာရီ မကျော်ရင် မအိပ်တတ်တဲ့ မြို့
စစ် အစိုးရ နဲ့ အပေါင်းအပါများ အောင်မြေနင်းတဲ့ မြို့
တောကြောင်တွေ ဇီး မ တင် တဲ့ မြို့
ချောင်းသာ ၊ ငွေဆောင် ကြောင့် တစ်ထောက်နားဧည့်သည်တွေ ပေါတဲ့ မြို့
ဟိုတုန်းက သင်္ဘောစီးပြီး အခုတော့ ကားပဲစီးတဲ့ မြို့
၁၄ မျဉ်းစောင်း မြို့
ပွဲလမ်း ရှိ မှ ၊ ဧည့်သည် လာ မှ ရွှေမုဋ္ဌောဘုရား တက်ပြီး ရွှေချတဲ့ မြို့
နိဂြောဓါ ဘုရားလှည့်ရင် ရှမ်းကုန်သည်ကို ဓမြတိုက်တဲ့ မြို့
ကန်တစ်ဆက်တည်းပေမဲ့ ရေကြည် နဲ့ ရေနောက် ကွဲ နေတဲ့ မြို့
ကန်သုံးဆင့် ဆိုတဲ့ ချစ်သူ့နယ်မြေ ရှိတဲ့ မြို့
ဆန်တင်သင်္ဘောပေါ်မှာ ငါးသုံးလုံးစီးကရက်ဝယ်ရတဲ့ မြို့
မ ဆ လ ခေတ် တုန်းက ဆေးရုံမှာ ကလေးမမွေးပဲဖက်တားဆေးခန်းမှာကလေးမွေးတဲ့ မြို့
စစ်အစိုးရ က ရိုးသားကြိုးစားဧရာဝတီသားဆိုင်းဘုတ်ဘလိုင်းကြီးအတင်ခံရတဲ့ မြို့
ရေနက်ကွင်းစီမံကိန်းဆိုပြီးပထမဦးဆုံးလယ်အသိမ်းခံရတဲ့ မြို့
“ အဲ ဗား ၀ဲလ် ကမ်း ” ပါ လို့
ဧည့်သည် ရေ . . .
သူ ကို နာ အောင် မ ချ ရင် ပြော နေ ဦး မဲ့ . . . မြို့ ။          ။




အာဂမွဏ်း


No comments:

Post a Comment