Thursday, August 28, 2014

မသိခြင်းများ
-------------

လူတစ်ယာက်တည်း ကို သတ်တာ
လူသတ်မှုတဲ့
လူအများကြီးသတ်တာကိုတော့
တရားသောစစ်တဲ့ ။


မရှိလို့ချဲ ၅ကျပ် တစ်ဆယ်
ရောင်းတဲ့ကလေးမ
လောင်းကစားမှုတဲ့
ဗမာပိုင်တဲ့သူဋ္ဌေးကျွန်းက
ကာစီနိုဝိုင်းကိုတော့
တိုင်းတစ်ပါးသားကိုငှားထားသတဲ့ ။

မလောက်မင လခလေးရတဲ့ဝန်ထမ်းတွေတော့
လစဉ်အခွန်ဆောင်နေရတယ်
လက်နက်ကုန်သည်သူဋ္ဌေးကြီးကျတော့
အခွန်ရှောင်စေသတဲ့ ။

ငါးပြားဖိုး ဆယ်ပြားဖိုး မူးလို့ရှူတဲ့ဆေးသမားသေးသေးလေးတွေတော့
မူးယစ်ဆေးဝါးမှုတဲ့
ဘိန်းရာဇာကြီးကျတော့
တစ်နိုင်ငံလုံးကိုစိတ်ချလက်ချအပ်နှံထားသတဲ့ ။

အပေါစားတဲအစုတ်လေးက
ပြည်တန်ဆာမလေးကျတော့
ပြည့်တန်ဆာမှုနဲ့ထောင်ကျ
လူကြီးမင်းတို့ကျတော့
ကာယာအိုကေဆိုင်မှာ
ကောင်မလေးကိုတန်ရာတန်ကြေးမပေးဘဲ
ဟိုဟာကိုင် ဒီဟာကိုင်သတဲ့ ။

မသိခြင်းများ နဲ့ေ၀၀ါးမနေနဲ့
လက်နက်
မာဖီးယား
မိန်းမရွှင် ဆိုတာ
ဂရင်းထဲရောက်တဲ့ဂေါက်သီးကို
အချက်နည်းနည်းနဲ့ကျဉ်းထဲဝင်အောင်ရိုက်သလိုပဲ
ဗျို့ ... ... ...လူကြီးမင်း
ခင်ဗျားဘောင်းဘီအိတ်ပေါက်ထဲက
မရောင်မလည် ထွက်ကျလာတဲ့ ဂေါက်သီးလုံးကို
လူမမြင်ခင်ပြန်ကောက်လိုက် ။      ။

အာဂမွဏ်း

No comments:

Post a Comment