Thursday, August 28, 2014

ဘာမှန်းမသိတော့တဲ့ . . . ဆီးဖြူသီး

ဘာမှန်းမသိတော့တဲ့ . . . ဆီးဖြူ သီး
@@@@@@@@@@@@@@@

ငယ်ငယ် တုန်း က
စကော ထဲ က ဆီးဖြူသီး တစ်လုံး
အင်္ဂလိပ်စာ ၅ တန်း မှ သင် ရ တဲ့ အတန်း
ဗန္ဓုလ နဲ့ ဗိုလ်ချုပ်အောင်ဆန်း
လေထန်ကုန်း မလာခင် ဒလကြမ်း ပြေးခဲ့ရတယ်
အဲဒီတုန်းက . . .
ဆီးဖြူသီး ဟာ ဆယ်တန်း ။


၁၀၀ိ
၇၅ိ ၊ ၃၅ိ ၊ . . . .
တံတားနီ
မြေနီကုန်း
ဇော်ဝမ်းတိုး
ဘစိန် ထောက်လှမ်းရေး
လေတပ် ကင်တင်း
ရန်ကုန်တက္ကသိုလ် မနုသ အမဲလိုက်ပွဲ
ကျောင်းတွေပိတ်လိုက်ပြီ
နှစ်ထပ်သင်္ဘောကြီးပေါ် က ၂၅ိ ကျပ်တန်ခေါက်ဆွဲကြော်
၈၈၈၈
ရေဒီယို ၊ ရုပ်မြင်သံကြား က မျဉ်းစောင်းတွေ
အဲဒီတုန်းက . . .
ဆီဖြူသီး ဟာ ဒုတိယနှစ် ။

စကော ထဲ က ဆီးဖြူသီး ဟာ
ဒီ စကော ထဲ က နောက် စကော ထဲ ကို အပြောင်းခံလိုက်ရတယ်
ဒီလိုနဲ့ . . .
စကော ထဲ က ကျောင်းမှာပဲဘွဲ့ရခဲ့ ။
စကော ထဲ မှာ ပဲ အလုပ် ၀င်
အလှည့် ခံ ရ တဲ့
ဆီးဖြူသီး
နောက်ထပ် စကော တစ်ခု ထဲ
ထပ် အပြောင်းခံ လိုက်ရတယ် ။ ။

အာဂမွဏ်း

No comments:

Post a Comment