Thursday, August 28, 2014

ဆက်ကြောင်း

ဆက်ကြောင်း
---------------
- အမှောင် ထဲက
အလင်းရောင်ကို
ပြူးတူးပြဲတဲကြီး တွေ့လိုက်ရတော့
ဆက်ကြောင်း ဟာ
ထင်းထင်းကြီးကို ပေါ်နေပေါ့ ...


- ဒဏ်ရာတွေ ကို ဂရုမစိုက်ပါနဲ့ကွယ်
အဲဒီဒဏ်ရာတွေဟာ
ဆေးယဉ်နေလို့ပါ
ဆက်ကြောင်း ထဲမှာ
ငါးတွေကို ကုန်းပေါ်မှာ
ရေယက်တွေနဲ့ လမ်းလျှောက်ခိုင်းလိုခိုင်း
ငှက်တွေကို ရေထဲမှာ
တောင်ပံတွေနဲ့ ရေကူးခိုင်းလိုခိုင်း

ချစ်သူရေ ...
အဲဒီ ဆက်ကြောင်း ထဲမှာ
ဆောင်းရာသီတောင်
မ အေး ရဲ ရှာ ဘူး ကွယ် ။

- ကြယ်ကြွေတာမြင်တော့
ချစ်သူဟာ ပါးစပ်လေး
ပွစိ .. ပွစိ နဲ့ ဆုတောင်းနေလေရဲ့
သူမ ရိုး အ လိုက်ပုံများ
ကျနော် ...
ရင်ဘတ်ထဲက
အကျယ်လောင်ဆုံး အော်ဟစ်မိတယ်
ကြယ်ကြွေတာ ဒီတစ်ခါတည်းမဟုတ်ဘူး
ဒီ ဆက်ကြောင်းကြီး ထဲမှာ
ကြယ်တွေ . . . ကြယ်တွေ
အကြိမ် ကြိမ် . . .
ကြွေကျခဲ့ရတာပါ ... ချစ်သူ ။           ။


အာဂမွဏ်း

No comments:

Post a Comment