Thursday, August 28, 2014


သံမဏိလိပ်ပြာ ၆၉
---------------

ပေ ဖြစ်ခဲ့တဲ့နှစ်တွေ
ရေတွက်ကြည့်တော့
၆၉ နှစ်
တင်းတင်းပြည့်ခဲ့ပြီ ။

တူ နှစ်လက်တံဆိပ် ထောပတ်တွေရယ်
ပေါင်မုံ့ မရှိရင် ကိတ်မုံ့စားဆိုတာတွေရယ်
ဘာမသိညာမသိ သဘာပတိတွေရယ်
နားမထွင်းထားတဲ့ ဗူးတွေရယ်
ခင်ဗျား တို့ ကျနော်တို့ရယ်
ကြားမှာ
၆၉ နှစ်လုံးလုံး
ကုံးရုန်းထ နေရတဲ့ လောကဒဏ်ကြားမှာ
` ရန်သူ့ လက်ထဲ
ခွေးသေ ဝက်သေ နေခဲ့ကြပေတော့ ´ လို့
မထားခဲ့တဲ့
သံမဏိလိပ်ပြာဟာ
နိုင်ငံတကာစာမျက်နှာမှာ
ပြည်သူတွေရဲ့ရင်ဘတ်ကြီးတွေထဲမှာ
သမ္မတဆိုတာကြီးထက်
ကြီးမြတ်တဲ့
စကားလုံးတွေ
ကမ္ဗည်းတွေနဲ့
လိပ်ပြာ လုံ တယ်
တကယ့်ကို လိပ်ပြာလုံတယ် ။      ။

အာဂမွဏ်း
 
 
 

No comments:

Post a Comment