Thursday, August 28, 2014

ခွပ်ဒေါင်းတွေရေးတဲ့ သမိုင်း ( သို့မဟုတ် ) ၈၈၈၈


၈၈၈၈ ဟာ
မီးလျှံထဲက နိုး ထ လာတဲ့
ဖီးနစ် ငှက် ဖြစ်တယ် ။

၈၈၈၈ ဟာ
အာဏာရှင်စစ်ဘီလူးရဲ့
လည်မျိုကိုညှစ်သတ်တဲ့
တိုက်ပွဲဖြစ်တယ် ။

၈၈၈၈ ဟာ
မကောင်းဆိုးဝါးတွေကို
တောချောက်တဲ့
သံပုံးတီးသံဖြစ်တယ် ။

၈၈၈၈ ဟာ
ယမ်းငွေ့ကြားက
တလွင့်လွင့် ကျော်လွှားခဲ့တဲ့
ခွပ်ဒေါင်းအလံဖြစ်တယ် ။

၈၈၈၈ ဟာ
မောင်းပြန်သေနတ်ကို
အန်တုခဲ့တဲ့
လူထုရဲ့ စိန်ခေါ်သံဖြစ်တယ် ။

၈၈၈၈ ဟာ
ကံ့ကော်ဝတ်ဆံတွေက
ပေါက်ကွဲထွက်လာတဲ့
ပြည်သူ့အောင်ပွဲဖြစ်တယ်
ဘယ်နတ်ဒေ၀တာမှ မကယ်မ ဘဲ
လူသားစစ်စစ်တို့
သွေးနဲ့ရေးခြစ်ခဲ့တဲ့ သမိုင်းဟာ
၈၈၈၈ ဖြစ်တယ် ။      ။


အာဂမွဏ်း
( ၈ . ၈ . ၂၀၁၃ )

No comments:

Post a Comment