Friday, January 18, 2013
အာဂမွဏ်းတို့ အိမ်
* သူခိုး ဓမြ တွေ နဲ့
နေ နေ ရတဲ့ အိမ်
ဘယ်လို လုပ်
အိပ်ပျော်နိုင်မှာလဲ... အမေ . . .
ည . .ည ဆို
ခေါင်းကို ထထ စမ်းနေ ရတာ
အကျင့် ဖြစ်နေ ပြီ ။
* ညဆို..
ကုန်းကျော် တံတားပေါ်က
မြှူ ဆွယ်နေရတာ
ကျနော့ ညီမ လေ
တောင်ဒဂုံ အပြန်
ဆန် ဝယ်ဖို့ တဲ့ . . .
* နေ့ဆို
အဝေးပြေး ဂိတ်မှာ
ရေသန့်ဘူးတွေ ချပေးပါ
ဆိုတာ ကျနော့တူတွေပေါ့
* ရေ ကန် အတွင်း
ငါးမမျှားရ
ခိုးပြီး ငါးမျှား တာ
ကျနော့ တူ တူမ တွေ စားဖို့
မဆို့ မပို့ ပါ အမေ ။
* သစ်တစ်ပင် ခုတ်
ထောင်ဘယ်လောက် ကျကျ
ကျနော် တို့ ခုတ်ဖို့
သစ်တော မရှိဘူး . . .အမေ
* အမေ . . .
မှောင်မှောင် မဲမဲထဲ
ကိုယ့် ခေါင်း ကိုယ် ထစမ်း နေရတဲ့
အမျိုးတွေ ပါ . . . အမေ ။ ။
အာဂမွဏ်း
ငြိမ်းချမ်းရေး အတွက် ကြိမ်လုံးလေး ( သို့ ) ကျနော့အမေ
“ ငြိမ်းချမ်းရေး အတွက် ကြိမ်လုံးလေး ( သို့မဟုတ် ) ကျနော့အမေ ”
* အမေ ...
ကျနော်တို့ ညီအကိုနှစ်ယာက်
တာဇံရုပ်ပုံကား အရုပ်
တက်ကြည့်တာပါအမေ ။
* အကြီးက ရှေ့ကတက်ရမယ်လို့
သူသိတာ ... အမေမှာ .. မှာတဲ့ အတိုင်း ပါ အမေ
မီးခွက် ကိုင်တဲ့ အမေ့သား က အကိုကြီးမြင်ဖို့ နောက်ကပါ အမေ
အကိုကြီးခြေထောက်နဲ့ တိုက်မိတာ အမှန်ပါ ... အမေ
အဲဒီ့ မီးခွက်မှောက်ပြီး
၁၉၇၃ မှာ
ဆောင်းည မှာ
အပေါင်ထပ် . . . ရေကန်လေးဘေးမှာ
မီးခွက် ကလေးမီးလောင်လို့
ဂုံနီ စုတ်ကလေးရေလောင်းပြီးညှိမ်းနေတာ
အမေပါ ....
* ပြီး . . .
အစ်ကိုကြီးကို
မျက်ရည်တွေ နဲ့ ရိုက်နေတာ
အမေ ပါ ကျနော့ အမေ
“ ဒေါ်တင်အိ ပါ ”
အမေဟာ စိမ်းမြတဲ့ သစ်တောပါ
ဒေါ်တင်အိဟာ စိမ်းမြတဲ့ သစ်တောပါ
ဒါ ကျနော် တို့ ရဲ့ စိမ်းမြတဲ့ သစ်တောပါ
ဘာကြောင့် အစ်ကိုကြီးကို ရိုက်ပုတ်နေတာလည်း
ကျနော် ထိပ်ထိပ်ပြာပြာနဲ့
ပြဋ္ဌာန်းကမ္ဘာ့သမိုင်းစာမျက်နှာပေါ်က
ဝါး စ ကို ခွာကြညှ်ုတော့
သူရဲကောင်းမလေးကိုမီးတင်ရှို့တဲ့ အခန်း
သူရဲကောင်းမလေးကိုမီးတင်ရှို့တာ ......
ကျနော် . .
ကျနော် ...
စိတ်မ၀င်စားဘူး ... အမေ
* ကျနော့ အစ်ကိုကြီးကို
မ ရိုက် ပါ နဲ့ . . . .
အာဂမွဏ်း
ရဲရဲအေးပါ ဆောင်း
“ ရဲရဲအေးပါဆောင်း ”
ဆောင်းဦး ၀င်ပေါက်က
ခရမ်းနုရောင်လေးတွေ
မရဲတရဲ ၀င်လာချိန်မှ
မီးတွေဟုန်းဟုန်းတောက်
အပေါက်ဝလေးမှာတင်
ခရမ်းနုရောင်လေး မျက်ရည်ဆို့
ကြိတ်ကြိတ်ပြီး ငိုနေရှာတယ် ။
ဆောင်းတွင်းလေးရေ . . .
ဆောင်း ဟာ
ဆောင်း လို အေး မှ
ဆောင်းပီသမှာမို့
ခရမ်းနုရောင်လေးတွေကို ဖြန့်ကြဲ
ရဲရဲ ရင့်ရင့် အေး လိုက် စမ်း ပါ ... ဆောင်း ။ ။
( ကိုခင်ဝမ်းရဲ့ ပြည်မှဆောင်းမှ ခရမ်းနုရောင်လေးတွေ ကို သုံးထားပါသည် )
အာဂမွဏ်း
ဟားလေးလူးယား
ဟာလေးလူးယား
-------------------
# ဟပ်ပီးနယူးယီးယား
ကလေးများ
ပျော်ပါးစွာ . . . ဆော့ကစားနိုင်ပါစေ ။
# ငြိမ်းချမ်းရေး မြက်ခင်းပြင်ကို ရောက်ဖို့
မြေမြှုပ်မိုင်း ပြည့်နေတဲ့ သတ်ကွင်းကို
ဖြတ်ကျော်ရဦးမယ် ။
# ဖဲ ၃ ချပ်သမားရဲ့လက်ကို
မနည်းလိုက်မှတ်နေရတဲ့ မျက်လုံးတွေ
အိပ်ရေး ၀ ၀ အိပ်ရဦးမယ် ။
# ယမ်းငွေ့တွေရောနေတဲ့ လေ
ပန်းပွင့်တွေ ဖူးပွင့်ဝေအောင်
တော်တော်ကြီး သန့်စင်ရဦးမယ် ။
# ဒီလိုနဲ့ . . .
နံရိုး အပြိုင်းပြိုင်း
ပြားချပ်ချပ် ဗိုက်
ပခုံး မှာ အရှုပ်ထုပ်ဝန် တနင့် တပိုး
ခြေသလုံး ပလွေရိုးလေး
၂၀၁၃ ကို Go တော့မယ် ။
# ဟပ်ပီးနယူးယီးယား
ကလေးများ
ပျော်ပါးစွာ . . . ဆော့ကစားနိုင်ပါစေ ။ ။
( ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ကျော်ဖြတ်နိုင်သော နှစ်သစ်ဖြစ်စေ .....
ဆုတောင်းရင်း နှစ်သစ်ကိုကြိုပါတယ် )
အာဂမွဏ်း
Tuesday, July 31, 2012
ငြိမ်းချမ်းရေးလို့ သက်မှတ်တဲ့နေ့တုန်းက ကဗျာ
“ ငြိမ်းချမ်းရေး အစစ်ကို
ငါ မသေခင် မြင် ချင် သေး တယ် ...
သိန်းဖေ . . . ... ရယ် ”
အတ္တ ကြီးသူတွေရဲ့ လက်ထဲ
လက်နက် ရှိနေသမျှတော့
“ သိန်းရင် ....
နင့်ယောက်ျား ... သိပ်မိုက်တယ် ....
လူ မ သတ်ပါနဲ့လို့ . . . . . .. ..
ရာမ
ဟေ့ကောင် ..... ရာမ .... “ ထွက် ခဲ့ စမ်း . ... ”
( ဗိုလ်အောင်ဒင်ဇာတ်ဝင်ခန်း မှ )
အဲဒီလို
လက်ထဲ သေနတ်ရောက်ရင်
သွေးပြောင်းတတ်တဲ့ သူတွေ ရှိနေသမျှ
အဘမှိုင်းရေ . . . အဘမှိုင်းရဲ့
ကျွန်တော်တို့
မသေခင်တောင် . . . .
တွေ့ ရ ပါ မ လား ဗျာ ။ ။
အာဂမွဏ်း ( 23 . 7 .2012 )
ငါ မသေခင် မြင် ချင် သေး တယ် ...
သိန်းဖေ . . . ... ရယ် ”
အတ္တ ကြီးသူတွေရဲ့ လက်ထဲ
လက်နက် ရှိနေသမျှတော့
“ သိန်းရင် ....
နင့်ယောက်ျား ... သိပ်မိုက်တယ် ....
လူ မ သတ်ပါနဲ့လို့ . . . . . .. ..
ရာမ
ဟေ့ကောင် ..... ရာမ .... “ ထွက် ခဲ့ စမ်း . ... ”
( ဗိုလ်အောင်ဒင်ဇာတ်ဝင်ခန်း မှ )
အဲဒီလို
လက်ထဲ သေနတ်ရောက်ရင်
သွေးပြောင်းတတ်တဲ့ သူတွေ ရှိနေသမျှ
အဘမှိုင်းရေ . . . အဘမှိုင်းရဲ့
ကျွန်တော်တို့
မသေခင်တောင် . . . .
တွေ့ ရ ပါ မ လား ဗျာ ။ ။
အာဂမွဏ်း ( 23 . 7 .2012 )
Tuesday, July 17, 2012
Subscribe to:
Posts (Atom)